နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများနှင့် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၀၄၀ ကျော်ဖြင့် ရောင်းချနေ
မတ် ၉ ရက်က ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၈ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ၁၇၈၆ ကျပ် ဝန်းကျင် ရှိနေပေမဲ့လည်း ငွေလဲကောင်တာတွေနဲ့ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ကျပ် ၂၀၄ဝ ကျော်ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေထံမှ သိရပါတယ်။