ကမ္ဘာတစ်ဝန်းတွင် COVID-19ကြောင့် သေဆုံးသူပေါင်း ခြောက်သန်းကျော် ရှိလာချိန်တွင် COVID-19ထပ်တိုးကာကွယ်ဆေးများ ထိုးနှံကြရန် လိုအပ်ဟု WHO ပြောကြား
ကမ္ဘာတစ်ဝန်းတွင် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ပျံ့နှံ့နေချိန်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အစည်းအဝေးခေါ်ယူကျင်းပသည့် ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့က COVID-19 ထပ်တိုးကာကွယ်ဆေးများကို ထိုးနှံကြရန်အတွက်အရေးတကြီးနှင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရန် အခိုင်အမာထောက်ခံကြောင်း မတ် ၈ ရက်တွင် ပြောကြားခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများအတွက် ထပ်တိုး ကာကွယ်ဆေးများမလိုအပ်ကြောင်း လွန်ခဲ့သည့်နှစ်က ထပ်တလဲလဲ ခုခံပြောကြားခဲ့မှုကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်၊