သထုံမြို့ရှိ မြသပိတ်တောင်တက်လမ်း သုံးဘီးအငှားယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြေသားကမ်းပါးရံအားဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိ
သထုံမြို့ရှိ မြသပိတ်တောင်တက်လမ်း ရင်ကွဲဇရပ်အနီးတွင် မတ်လ (၉) ရက်၊ မွန်းလွဲ (၁) နာရီခွဲ အချိန်ခန့်က မီနီအိုးဝေ သုံးဘီးအငှားယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ မြေသားကမ်းပါးရံအားဝင်တိုက်မှုဖြစ်ပွားခဲ့ရာမှ မီနီအိုးဝေယာဉ်မောင်းအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၃) ဦး နှင့် ကလေးငယ် (၂) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်၊