တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းတွင် CNG တန်းစီနေသော အငှားယာဉ်များကို ကုန်တင်တွဲယာဉ်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ
တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းမှာ CNG တန်းစီနေတဲ့ အငှားယာဉ်တွေကို ကုန်တင်တွဲယာဉ်မှ ဝင်တိုက်မှု မတ် ၁၁ ရက် မနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်နေရာကို သွားရောက် ကူညီ ခဲ့တဲ့ သီရိမင်္ဂလာကျန်းမာရေး(လူနာတင်ယာဉ်) အခမဲ့ဝန်ဆောင်မှုအသင်းထံက သိရပါတယ်။