လတ်တလောကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ပြီးမှသာ ဟောင်ကောင်ကို ပြန်ဖွင့်ရန် စီစဉ်ထားသည်ဟု အုပ်ချုပ် ရေးမှူးကာရီလမ် ပြောကြား(ရုပ်သံ)
အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံက လေယာဉ်ခရီးစဉ်တွေကို ပိတ်ပင်ထားတာကို ရုပ်သိမ်းဖို့ အချိန် မကျသေးကြောင်းနဲ့ အရှိန်မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ပြီးမှသာ ဟောင်ကောင်ကို ပြန်ဖွင့် ဖို့ စီစဉ်ထားတယ်လို့ အုပ်ချုပ်ရေးမှူး ကာရီလမ်က မတ်လ ၁၀ ရက်က ပြောကြားခဲ့ပါတယ်။