ရုရှားတပ်များ မြို့တော်ကိယက်ဗ်နှင့်ပိုမိုနီးလာချိန်တွင် ကိယက်ဗ်သည် ခံတပ်အဖြစ်ပြောင်းလဲသွားပြီဟု မြို့တော်ဝန်ကလစ်ရှီကို ပြောကြား(ရုပ်သံ)
မတ်လ ၁၁ ရက်မှာ ရုရှားတပ်ဖွဲ့တွေဟာ ကိယက်ဗ်မြို့နဲ့ ပိုမိုနီးကပ်လာပြီဖြစ်ရာ ယူကရိန်းမြို့တော်ကိယက်ဗ်ဟာ ခံတပ် အဖြစ် အသွင်ပြောင်းလဲသွားတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ကြပြီး သမ္မတ ဗိုလိုဒီမာဇင်လင်စကီးကလည်း ရုရှားဟာ လူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းတွေကို ထပ်မံပစ်မှတ်ထားလာတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။