လျှပ်စစ်မီးပုံမှန်မရရှိခြင်းကြောင့်တောင်ငူမြို့နယ်ရှိကျောက်ထုတ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးဖြစ်လာ

လျှပ်စစ်မီးပုံမှန်မရရှိခြင်းကြောင့်တောင်ငူမြို့နယ်ရှိကျောက်ထုတ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးဖြစ်လာ
Published 11 March 2022

လျှပ်စစ်မီးပုံမှန်မရရှိခြင်းကြောင့် တောင်ငူမြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးဖြစ်လာပြီး အလုပ်လက်မဲ့ ပိုများလာနိုင်ဟုဆို

လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် တောင်ငူမြို့နယ် လေးမိုင်ကျေးရွာအနီး ကျောက်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်လာပြီး ကျောက်ထုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမှီပြုနေတဲ့ အခြေခံ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာနိုင်တယ်လို့ သိရပါတယ်။