တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တတ်နေသည့် မြို့တစ်မြို့ကို Lockdown ချပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ (ရုပ်သံ)
တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ အမြင့်ဆုံးအထိ ပြန်လည်မြင့်တတ်လာမှုကို ရပ်တန့်ရန် အာဏာပိုင်များ ရုန်းကန်နေချိန်တွင် လူဦးရေ ကိုးသန်းခန့် နေထိုင်သည့် ကျိလင်ပြည်နယ်၏ မြို့တော် ချန်ချွင်မြို့ကို မတ် ၁၁ ရက်နေ့က Lockdown ချခဲ့ပြီး ရှန်ဟိုင်းမြိုတွင်လည်း စာသင်ကျောင်းများကို ပိတ်ခဲ့ပါတယ်၊