ကော့သောင်းမှ ရနောင်းမြို့သို့ BP စနစ်ဖြင့် ဝင်ထွက် ခွင့်ပြုလိုက်ပြီဆိုသည့်သတင်းမဟုတ်မှန်

ကော့သောင်းမှ ရနောင်းမြို့သို့ BP စနစ်ဖြင့် ဝင်ထွက် ခွင့်ပြုလိုက်ပြီဆိုသည့်သတင်းမဟုတ်မှန်
Published 14 March 2022

မြန်မာနိုင်ငံ ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ BP စနစ်ဖြင့် အဝင်အထွက် ခွင့်ပြုလိုက်ပြီဆိုသည့်သတင်းမှာ မဟုတ်မှန်ဘဲ ရနောင်းခရိုင်အတွင်းရှိ မြန်မာနိုင်ငံသားများကိုသာ သက်တမ်းတိုးအလုပ်လုပ်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရ (ရုပ်သံ) 

ထိုင်းနိုင်ငံ ရနောင်းမြို့သို့မြန်မာနိုင်ငံ ကော့သောင်းမြို့မှ BP စနစ်ဖြင့် အဝင်၊ အထွက် ခွင့်ပြုလိုက်ပြီဆိုသည့်သတင်းမှာ မဟုတ်မမှန်ဘဲ ရနောင်းခရိုင်အတွင်းရှိနေသော မြန်မာနိုင်ငံသားများကိုသာ သက်တမ်းတိုး အလုပ်လုပ်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်၊