စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် ရုရှားကို သြဝါဒပေးခွင့်မရှိဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ယူကရိန်းကို ကျူးကျော်တဲ့အတွက် သမ္မတပူတင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြောဆိုမှုမှာ ကမ္ဘာတစ်ဝန်း ပဋိပက္ခတွေမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦး ထံကနေ ထွက်ပေါ်လာတဲ့ ခွင့်မလွှတ်နိုင်စရာစကားဖြစ်တယ်လို့ မတ် ၁၆ ရက်က ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူက တုံ့ပြန် ပြောကြားခဲ့ပါတယ်။