နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း နေ့စဉ် ည ၁၂ နာရီ မှ နံနက် ၄ နာရီအချိန်အထိ ညမထွက်ရ အမိန့် ထုတ်ပြန်
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ လမ်းမကြီး အပါအဝင် အများပြည်သူနှင့်ဆိုင်သောနေရာများ၌ လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရန်၊ နေ့စဉ် ည ၁၂ မှ နံနက် ၄ နာရီအချိန်အထိ ညမထွက်ရ အမိန့်အား လယ်ဝေး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရပါတယ်။