ရန်ကုန်မြို့တော်ဝန်နှင့် စီးပွားရေးရာဝန်ကြီးတို့ကိုခေါ်ယူမေးမြန်းနေခြင်းဖြစ်ပြီး ဖမ်းဆီးထားခြင်းမရှိ
ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်နှင့် စီးပွားရေးရာဝန်ကြီးတို့ကို ခေါ်ယူမေးမြန်းနေခြင်းသာဖြစ်ပြီး ဖမ်းဆီးထားခြင်းမရှိဟုဆို
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့ကို ခေါ်ယူမေးမြန်းနေခြင်းသာဖြစ်ပြီး ဖမ်းဆီးထားခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။