ရန်ကုန်-မော်လမြိုင်ကားလမ်းတွင်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရ

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရ
Published 30 March 2022

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊သထုံမြို့နယ် ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မတ် ၂၉ ရက် မွန်းလွဲပိုင်းက တပ်မတော်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့အကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာ ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ကလေးနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။