တစ်လဝန်းကျင် ကြာမြင့်လာပြီးပြေလည်မှု မရရှိသေးသည့် ကျော်ထက်ကျော် ဂုန်နီအိတ်စက်ရုံ သုံးကြိမ်မြောက် ဆန္ဒပြ
ဇန်နဝါရီလ ၉ ရက်နေ့ကစတင်အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ ကျော်ထက်ကျော် အုတ်ကျင်းဂုန်နီအိတ််စက်ရုံ အလုပ်သမား ၃၀၀ ကျော်ဟာအလုပ်ထုတ်ပယ်စဉ်ကတည်းက စက်ရုံရှေ့စုဝေး ဆန္ဒပြမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး နောက် ပြေလည်မှုမရရှိသေးတာကြောင့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာရန်ကုန်မြို့တော်ခန်းမရှေ့မှာ စုဝေးပြီး သုံးကြိမ်မြောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်.