စစ်ဘေးရှောင် ယူကရိန်း ဒုက္ခသည်အရေအတွက် ၄.၁ သန်းကျော်ရှိလာဟု ကုလသမဂ္ဂ ထုတ်ပြန်
ယူကရိန်းကို ရုရှားက အလုံးစုံကျုးကျော်ဝင်ရောက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး နိုင်ငံအတွင်းကနေအိမ်နီးချင်း နိုင်ငံ တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ယူကရိန်းဒုက္ခသည်အရေအတွက်မှာ ၄.၁၄ သန်းနီးပါးရှိလာခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ် ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။