ဒုတိယအကြိမ် ငါးနှစ်သက်တမ်းကို တာဝန်ယူမည်မဟုတ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် ပြောကြား
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အတူ မကြုံဖူးလောက်တဲ့ ကသောင်းကနင်းအခြေအနေတွေနဲ့ ကိုဗစ်ကပ်ရောဂါ ကာလမှာ ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်ဟောင်ကောင်ကို ဦးဆောင်ခဲ့တဲ့ ပြဿနာပတ်လည်ဝိုင်းနေတဲ့ အုပ်ချုပ်ရေးမှူး ကာရီလမ်က ဒုတိယ အကြိမ် ငါးနှစ်သက်တမ်းကို ရယူတော့မှာ မဟုတ်ကြောင်း ဧပြီ ၄ ရက်က ပြောကြားခဲ့ပါတယ်။