ယူကရိန်းသည် ခရိုင်းမီးယားဒေသမှ စစ်သုံ့ပန်းများကို ကွပ်မျက်ခဲ့ဖွယ်ရှိဟု ရှရှားပြောကြား
ယူကရိန်းအာဏာပိုင်တွေဟာ ၎င်းတို့ ဖမ်းဆီးထားတဲ့ ခရိုင်းမီးယားဒေသမှ အရာရှိအချို့ကို အကျဉ်းသားလဲလှယ်မှု စာရင်းမှာ ထည့်သွင်းခဲ့ခြင်းမရှိဘဲ ကွပ်မျက်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ရှရှားရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တာတီယာနာ မောစ့်ကယ်လ်ကိုဗာက ဧပြီလ ၅ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။