ဓားပြတိုက်ခဲ့သူများအနက် ၁၈ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိဟု ထုတ်ပြန်

ဓားပြတိုက်ခဲ့သူများအနက် ၁၈ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိဟု ထုတ်ပြန်
Published 13 April 2022

တောင်ဥက္ကလာပမြို့နယ်ရှိ KBZ ဘဏ်အား ဓားပြတိုက်ခဲ့သူများအနက် ၁၈ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိဟု ထုတ်ပြန်

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊သံသုမာလမ်းရှိ KBZ ဘဏ်အား ဧပြီ ၆ ရက်နေ့လည် ၁ နာ ရီ ၁၀ မိနစ်ခန့်က ဓားပြတိုက်ရာတွင်ပါဝင်သူများနှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူများအနက် ၁၈ ဦးအား သက်သေခံငွေ၊လက်နက်ခဲယမ်း၊စိတ်ကြွ ဆေးပြားများနှင့်အတူ ဧပြီ ၈ ရက်မှစတင်၍ ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှထုတ်ပြန်ခဲ့ပါတယ်၊