Eleven Media Group ဝန်ထမ်းမိသားစုမှ သင်္ကြန်တွင်းကာလ တတိယနေ့အလှူတော်အဖြစ် ဆွမ်းဆန်အစ ရှိသော လှူဒါန်းဖွယ်ရာများကို အင်းစိန် - စန္ဒကူးပရိယတ္တိစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း
Eleven Media Group ဝန်ထမ်းမိသားစုမှ သင်္ကြန်တွင်းကာလ တတိယနေ့အလှူတော်အဖြစ် သံဃာတော်တွေရဲ့ နေ့စဉ်ဆွမ်းနှင့် ဆွမ်းဟင်းကိစ္စ အခက်အခဲမရှိရအောင် ဆွမ်းဆန်အစရှိတဲ့ လှူဒါန်းဖွယ်ရာတွေကို ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် မြို့သစ် (က+ခ)ရပ်ကွက်ရှိ စန္ဒကူးပရိယတ္တိစာသင်တိုက်မှာ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။