ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့်အမှု ဧပြီ ၂၆ တွင် အပြီးသတ်အမိန့်ချမည်
ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဒ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၂)နှင့်ပတ်သက်၍ ဧပြီ ၂၆ ရက် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရပါတယ်။