ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့ကို အဂတိအမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးကို အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်း ဧပြီ ၂၀ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC)က ထုတ်ပြန်ခဲ့ပါတယ်။