ယူကရိန်းပဋိပက္ခနှင့် ပတ်သက်၍ ရုရှားက ဥရောပသံတမန် ၃၀ ကျော်ကို နိုင်ငံအတွင်းမှ နှင်ထုတ်
ယူကရိန်းနိုင်ငံကို ရုရှားက စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ဥရောပနိုင်ငံများအကြား အပြန်အလှန် တုံ့ပြန်မှုများလုပ်ဆောင်တဲ့အနေဖြင့် ရုရှားက ဥရောပနိုင်ငံ သုံးနိုင်ငံမှ သံတမန် ၃၁ ဦး ကို နိုင်ငံအတွင်းမှ နှင်ထုတ်ကြောင်း ဧပြီ ၁၉ ရက်က ပြောကြားခဲ့ပါတယ်။