ဂျပန်ဝန်ကြီးချုပ်၏ ယာဆူကူနီဗိမာန်သို့ ဂါရဝပြုပစ္စည်းပေးပို့မှုအပေါ် တောင်ကိုရီးယား ကန့်ကွက်
ဧပြီလ ၂၁ ရက်က ဂျပန်ဝန်ကြီးချုပ် ဖုမိအိုခိရှိဒဟာ စစ်အတွင်းက သေဆုံးခဲ့သူတွေကို မြှုပ်နှံထားတဲ့ တိုကျိုမြို့မျာရှိတဲ့ ယာဆူကူနီဗိမာန်ကို ထုံးတမ်းဓလေ့အရ ဂါရဝပြုပစ္စည်းတွေပေးပို့ခဲ့ပြီး အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာလည်း အဆိုပါ ဗိမာန်ကို သွားရောက်ခဲ့တာကြောင့် အကြီးအကျယ်စိတ်ပျက်မိပြီး စိတ်မကောင်းဖြစ်ရကြောင်း တောင်ကိုရီးယားက ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။