ဆော်လမွန်ကျွန်းတွင် တရုတ်၏ စစ်ရေးတည်ရှိမှုအပေါ် အမေရိကန် သတိပေး
ဆော်လမွန်ကျွန်းနိုင်ငံသည် တရုတ်နှင့် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆို ခဲ့ပြီးနောက် တရုတ်သည် ယင်းကျွန်းပေါ်တွင် အမြဲတမ်းစစ်ရေးတည်ရှိမှုကို ထူထောင်မည် ဆိုပါက ဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်လာနိုင်ကြောင်း မဟာဗျူဟာကျသည့် ဆော်လမွန်ကျွန်းသို့ ရောက်ရှိလာသည့် အ မေရိကန် အရာရှိများက ဧပြီ ၂၂ ရက်တွင် သတိပေးခဲ့သည်။