ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းလယ်ကျွန်းတံတားအောက် ရေမြောင်းထဲ ထိုးကျတိမ်း မှောက်ခဲ့ပြီး ၁၁ ဦးခန့် ဒဏ်ရာရ (ရုပ်သံ)
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဒီကနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်းက နေပြည်တော်ဘက်ကနေ ရန်ကုန် ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီးဟာ လမ်းလယ်ကျွန်းတံတားအောက် ရေမြောင်းထဲကို ထိုးကျတိမ်းမှောက် ခဲ့ရာ ခရီးသည် ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တစ်ခြမ်းလုံးနီးပါး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။