အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ယူကရိန်းသမ္မတနှင့် တွေ့ဆုံကာ ဒေါ်လာသန်း ၇၀ဝရှိ စစ်ရေးအကူအညီများပေးရန် ကတိပြု
အမေရိကန်သံတမန်တွေဟာ ယခု သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံသို့ တဖြည်းဖြည်း ပြန်သွားခြင်းကို စတင်ကြတော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က ထုတ်ဖော်ပြောကြားခဲ့ကြပြီး စစ်အတွင်းယူကရိန်းကိုသွားတဲ့ ၎င်းတို့၏ပထမဆုံးခရီးစဉ်အတွင်း စစ်ရေး အကူအညီ အမေရိကန်ဒေါ်လာသန်း ၇၀ဝ ကိုပေးမည် ဟု ကြေညာခဲ့ကြ သည်။