ပါကစ္စတန်ရှိ တရုတ်ပညာရေးဌာန အနီးတွင် အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်
ပါကစ္စတန်နိုင်ငံ ကရာချီတက္ကသိုလ်အတွင်း တည်ရှိတဲ့ တရုတ်ပညာရေးဌာနဖြစ်တဲ့ ကွန်ဖျူးရှပ်ဌာနမှ ဝန်ထမ်းတွေလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ပါကစ္စတန် ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား သုံးဦးအပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။