ရုရှားစစ်ဦးစီးချုပ် ယူကရိန်းရှိ ဒွန်းဘက်စ်ရှေ့တန်းကို သွားခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား ရုရှားထိပ်တန်းဗိုလ်ချုပ်ဗယ်လာရီဂျီ ရာဆီမော့သည် လွန်ခဲ့သော သီတင်းပတ်တွင် ယူကရိန်းရှိ ဒွန်းဘက်စ်ရှေ့တန်းကို သွားခဲ့ သည်ဟု မေလ ၂ ရက်တွင် အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သော်လည်း ယူကရိန်း တွင် ယင်းဗိုလ်ချုပ် ဒဏ်ရာရခဲ့သည်ဆိုသော သတင်းများကို အတည်မပြုနိုင်ဟုသိရသည်။