■ အခြေခံပညာ ကျောင်းသူ၊ကျောင်းသားများ မေ ၂၆ ရက် စတင်ကျောင်းအပ်ရမည်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
■ တရားဝင်အလုပ်သမား စတင်ခေါ်ယူနေပြီဖြစ်သော်လည်း ထိုင်းလမ်းပြ ၁၂ ဦး ခေါ်ဆောင်လာသော တရားမဝင် မြန်မာ နိုင်ငံသား ၂၃၀ ကျော်အား နေရာ ၁၁ နေရာတွင် ဖမ်းဆီးရမိ
■ ရုရှားသည် ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်မှုအစီအစဉ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသောနိုင်ငံဖြစ်သည်ဟု ဥရောပကော်မရှင် ဥက္ကဌ ပြောကြား
■ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားစစ်တပ် ပြောကြား
■ ဂီနီစစ်အစိုးရက အရပ်သားအစိုးရထံ အာဏာမလွှဲမီ သုံးနှစ်ကြာအသွင်ကူးပြောင်းရေးကာလ သတ်မှတ်ဟု ဥပဒေပြုအဖွဲ့ ကြေညာ
■ ကော်တင်ဟိုကို ယူရိုသန်း (၂၀)ဖြင့် အက်စတွန်ဗီလာ အပြီးသတ် ခေါ်ယူ
ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။