အာဖဂန်တွင် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် တားမြစ်ကန့်သတ်ချက်များ တိုးမြှင့်မှုအတွက် တာလီဘန်အဖွဲ့ကို ဂျီ ၇ အဖွဲ့ ရှုတ်ချ
အာဖဂန်နစ္စတန်မှာ တာလီဘန်အဖွဲ့က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် တားမြစ်ကန့်သတ်ချက်တွေ တိုးမြှင့်နေမှုကို စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီ ၇) အဖွဲ့က မေ ၁၂ ရက်မှာ ရှုတ်ချခဲ့ပြီး တာလီဘန်တို့ဟာ အာဖဂန်နစ္စတန်ကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်နေတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။