အစိုးရတာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် COVID-19 ကူးစက်မှုနှုန်း မြင့်တက်ခြင်းဖြစ်ဟု မြောက်ကိုရီးယားခေါင်းဆောင် အပြစ်တင်
အစိုးရတာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် COVID-19 ကူးစက်မှုနှုန်း မြင့်တက်ခြင်းဖြစ်ဟု မြောက်ကိုရီးယားခေါင်းဆောင် အပြစ်တင်
မြောက်ကိုရီးယားနိုင်ငံမှာ ဖျားနာမှု ဖြစ်စဉ် ၁ ဒဿမ ၇ သန်း မြင့်တက်လာချိန်မှာ ခေါင်းဆောင် ကင်ဂျုံအွန်က အစိုးရ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုနဲ့ ပျင်းရိမှုတွေက နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုဆိုးရွားစေတယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှာ မေ ၁၈ ရက်က ဖော်ပြထားပါတယ်။