ထိုင်းတွင် ဇွန်လမှစ၍ ညအချိန်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများ ရုပ်သိမ်းမည်
ထိုင်းနိုင်ငံမှာ နေ့အလိုက် COVID -19 ကူးစက်မှုတွေ ကျဆင်းနေတာကြောင့် ၎င်းရဲ့ ကျန်ရှိနေတဲ့ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်အများစုကို လျှော့ချနေချိန်မှာ ဇွန်လကနေစပြီး နိုက်ကလပ်တွေနဲ့ ကာရာအိုကေဘားတွေကို ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ အကြီးတန်းအရာရှိတစ်ဦးက မေလ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။