ဒေါ်ခင်ကြည်ဖောင်ဒေးအတွက်မြေကွက်များရယူမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှု(၄)မှု စွဲချက်တင်ကြောင်း အမိန့်ချ
နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် မြေကွက်များ ရယူမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၃)၊(၄)၊(၅)နှင့် ရန်ကုန်မြို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာ ရယူမှုအပေါ် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် (၂၅)တို့နှင့်ပတ်သက်၍ အမှုများဖြင့် စွဲချက်တင်လိုက်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရပါတယ်၊