မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ အကြိုညှိနှိုင်းဆွေးနွေး
တာချီလိတ်- မယ်ဆိုင် နယ်စပ်ကုန်စည်ကူးသန်းရာ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအပါအဝင် အမှတ်(၂)တံတား၊ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်ရန် ခရိုင်အဆင့်ရှိ နှစ်နိုင်ငံတာဝန်ရှိသူတွေက မေ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ အကြို ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။