ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်၊ မတင် လာမည့်ရုံးချိန်းတွင် အမိန့်ချမည် ၂
၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်ဩဇာလွှမ်းမိုးခြင်းများကြောင့်ဟုဆိုကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀-ကဖြင့် တရားစွဲထားသည့် အမှုဖြင့် စွဲချက်တင်၊ မတင် လာမည့်ရုံးချိန်း၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။