လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်မှုနှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်စပ်မှုရှိစေချင်ကြောင်း KNU ဒုဥက္ကဋ္ဌ ပြောကြား
လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ ကို ဆက်စပ်မှုရှိစေချင်တယ်လို့ NCA ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့မှ ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။