နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုး
နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဇွန် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။