ယူကရိန်းပဋိပက္ခကို ဆွေးနွေးရန် နေတိုးအစည်းအဝေးကို ဂျပန်ဝန်ကြီးချုပ် တက်ရောက်ဖွယ်ရှိ
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းတဲ့အနေနဲ့ ဇွန်လကုန်ပိုင်းမှာ ပြုလုပ်မယ့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ရဲ့ ခေါင်းဆောင်တွေပြုလုပ်မယ့်အစည်းအဝေးကို ဂျပန်ဝန်ကြီးချုပ် ဖူကီကို ကီရှီဒါ တက်ရောက်ဖို့ စိတ်ဝင်စားနေတယ်လု့ိ ကျိုဒိုသတင်းအေဂျင်စီက အမည်မဖော်လိုတဲ့ အစိုးရသတင်းအရင်းအဖြစ် တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။