မြန်မာစိတ်ရင်း ပရဟိတအခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း ကို သိန်း ၄၀ ကျော်တန်ဖိုးရှိဆေးဝါး များ လှူဒါန်းခဲ့
ကျွန်တော် က ငယ်ငယ်ကတည်းက မြိတ်မှာ မိဘမဲ့ ကလေး ကျောင်းတွေမှာ အရမ်းလှူဖြစ်တယ်.ကလေးဆိုတာ အပြစ်မရှိဘူး.မရှာစားတတ်ဘူးလေ. ဒါကြောင့် မိဘမဲ့ ကလေးကျောင်းတွေ မှာ အမြဲလှူ ဖြစ်တယ်.အခုနောက်ပိုင်းမှာ ဖြစ်လာတဲ့ အခက်အခဲတွေကြောင့် အခုလိုမျိုး ပရဟိတ ဆေးခန်းတွေ ကို ဦးစားပေးလှူမယ်လို့ စိတ်ကူးထားပါတယ်.ကိုဗစ်ကာလ မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက သင်ခန်းစာတွေ အများကြီးရစေတယ်.ဆိုတဲ့ ဒေါက်တာရဲထွန်းသူ (Dr.Face)