သီရိလင်္ကာတွင် အစိုးရပိုင် ဓာတ်အားပေးဝေရေးလုပ်ငန်းမှ အင်ဂျင်နီယာများ သပိတ်မှောက်သဖြင့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်
သီရိလင်္ကာမှာ အစိုးရရဲ့ စည်းမျဉ်းသစ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားလုပ်ငန်းက အင်ဂျင်နီယာသမဂ္ဂ တစ်ခုက သပိတ်မှောက်ခဲ့ပြီးနောက် နိုင်ငံရဲ့ နေရာဒေသတစ်ခွင်မှာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။