မျောက်ကျောက်ရောဂါသည် နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်အခြေအနေ ဟုတ်၊မဟုတ် WHO လေ့လာအကဲဖြတ်မည် (ရုပ်သံ)
မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အများပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် နိုင်ငံတကာ စိုးရိမ်ဖွယ်ကိစ္စရပ် တစ်ခု ဟုတ်၊မဟုတ် သတ်မှတ်ခွဲခြားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လာမယ့်သီတင်းပတ်မှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ ဇွန် ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။