ထိုင်းနိုင်ငံတွင် နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်သည့် စည်းမျဉ်းများ ရုပ်သိမ်းမည်
ထိုင်းနိုင်ငံမှာ Covid – 19 ကူးစက်ခံရသူဦးရေ လျော့ကျပြီး ခရီးသွားတွေကို ပြန်လည်ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အများပြည်သူတွေအနေနဲ့ အဆောက်အအုံပြင်ပမှာ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်တဲ့ စည်းမျဉ်းတွေကို လျှော့ချသွားမှာဖြစ်ပြီး ပြည်ပခရီးသွားတွေအနေနဲ့ ခရီးမသွားလာမီ မှတ်ပုံတင်ဖို့ လိုအပ်တော့မှာ မဟုတ်ကြောင်း ဇွန်လ ၁၇ ရက်က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။