၂၀၂၁-၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည်ပပို့ကုန်များအနက် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၁၁၇၄ သန်းကျော်ဖြင့် ဝင်ငွေအများဆုံးရရှိ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်တွေအနက် ချုပ်ပြီးအထည်တင်ပို့မှုကနေ ဒေါ်လာ ၁၁၇၄ သန်းကျော်နဲ့ ဝင်ငွေအများဆုံးရရှိခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်းပို့ကုန်တင်ပို့မှုရဲ့ ၂၆ ရာခိုင်နှုန်းကျော် ရှိ တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။