ဗန်းမောက်နှင့် အင်းတော်မြို့နယ်ကြားတွင် ကျောက်ရွှေကျောတစ်ခုတွေ့ရှိထားပြီး ဒေသခံများက တူးဖော်သဖြင့် တာဝန်ရှိသူများက ပိတ်ပင်တားမြစ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်နဲ့ အင်းတော်မြို့နယ်ကြားမှာ ကျောက်ရွှေကျောတစ်ခု တွေ့ရှိထားပြီး အဲဒီနေရာကို ဒေသခံတွေက သွားရောက် ရွှေတူးဖော်မှုတွေ ရှိနေတာကြောင့် ခရိုင်တာဝန်ရှိသူတွေက ပိတ်ပင်တားမြစ်ထားရတယ်လို့ ဗန်းမောက် မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောပါတယ်။