အာဖဂန်နစ္စတန်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၀ဝ ကျော် သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံမှာ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၉၂၀ ထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၆၀ဝ ခန့် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ဇွန် ၂၂ ရက်က ပြောကြားခဲ့ပြီး လူသူအရောက်အပေါက်နည်းတဲ့ နေရာဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေကာ သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။