အင်ဒိုနီးရှား သမ္မတ ယခုလအတွင်း ယူကရိန်းနှင့် ရုရှားသို့ သွားရောက်မည်
G 20 ဥက္ကဌ တစ်ဦးဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ရုရှား၏ ကျူးကျော်မှုကြောင့် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများကိုဆွေးနွေးရန် ယခုလအတွင်း ယူကရိန်းနှင့် ရုရှား ခေါင်းဆောင်များထံသွားရောက်တွေ့ဆုံမည်ဟု ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီးက ဇွန် ၂၂ ရက်တွင် ပြောကြားပါတယ်၊