ဖိလစ်ပိုင်၏ မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုများ ပြန်လည်စတင်မည့် ICC ရှေ့နေ၏ အစီအစဉ်ကို သမ္မတဒူတာတေး ပြစ်တင် ဝေဖန်
ဖိလစ်ပိုင်မှာ လူသေဆုံးမှုတွေဖြစ်ပေါ်စေတဲ့ မူးယစ်နှိမ်နှင်းမှုစစ်ဆင်ရေးအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်စတင်ဖို့ စီ စဉ်နေတယ်လို့ ပြောကြားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ရှေ့နေ ကာရင်ခန်းနဲ့ ၎င်းရဲ့အစီအစဉ်ဟာ စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့ရုံးက ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။