ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၁၂) ဦးရှိခဲ့ပြီး ကလေးငယ် (၂) ဦးသေဆုံးခဲ့
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စတင်တွေ့ရှိခဲ့တဲ့ မေ (၂၃) ရက်ကနေ ဇွန် (၂၅) ရက်အတွင်း ရောဂါဖြစ်ပွားသူ (၁၁၂) ဦးရှိခဲ့ပြီး ကလေးငယ် (၂) ဦးသေဆုံးခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။