လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အခက်အခဲများကြောင့် နေရပ်ပြန်လိုသည့် မြန်မာရွှေပြောင်းလုပ်သား ၂၁၁ ဦး တချီလိတ်မြို့သို့ပြန်လည်လွှဲပြောင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံဆပ်ကမ်းမှာ ဇွန် လ ၂၇ ရက် နံနက် ၁၀ နာရီအချိန်ခန့်က လာအို နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အခက်အခဲတွေကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာရွှေပြောင်းလုပ်သား ၂၁၁ ဦး ကို လာအိုနိုင်ငံ တာဝန်ရှိသူတွေက တချီလိတ်မြို့ရှိ မြန်မာတာဝန်ရှိသူတွေထံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။