အာဖဂန်ကျန်းမာရေးတာဝန်ရှိသူများက ငလျင်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူများတွင် ရောဂါများ ဖြစ်ပွားလာနိုင်ဟု သတိပေး
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကို ကြုံတွေ့ခဲ့ရတဲ့ ထောင်နှင့်ချီတဲ့ လူတွေဟာ သန့်ရှင်း သောက်သုံး ရေနှင့် အစားအစာ လိုအပ်နေပြီး ရောဂါများ ဖြစ်ပွားလာနိုင်ခြေရှိကြောင်း ကျန်းမာရေးဝန် ကြီးဌာန တာဝန်ရှိသူများက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့ပါတယ်။